ကေအိုင်အေ ဥက္ကဋ္ဌ ဦးဇောင်း ဟရားက ကေအိုင်အို ကချင် လွတ်မြောက်ရေး
တပ်မတော်နှင့် မြန်မာ အစိုးရ တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော စစ်ရေး
ပဋိပက္ခကို ကြားဝင် ဖြေရှင်းပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်းထံ စာရေးသား တိုက်တွန်း လိုက်သည်ဟု ပြောရေး ဆိုခွင့်ရှိသူ
ဗိုလ်မှူးကြီး ဂျိန်းလန်ဒေါင်းက ဆိုပါသည်။
“ ကျနော်တို့ အဆိုပြုတာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ အခု
ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကို သိရှိနိုင်အောင်၊ လေ့လာရေး
အဖွဲ့လိုမျိုး ဒါမှမဟုတ် ကြားဝင် ဖြန်ဖြေရေး အဖွဲ့လိုမျိုးပေါ့လေ
စေလွှတ်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဂျိမ်းစ်လန်းဒေါင်းက
ပြောသွားခြင်း ဖြစ်ပါသည်။
ကေအိုင်အိုသည်၊ ကချင်ပြည်နယ်လူထုအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး
စစ်ဆင်ရေး ဆင်နွှဲနေပြီး၊ လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် လူသားမဆန်သည့်
ရာဇ၀တ်မှုများ တိုးပြီးလုပ်လာနေသည်ဟု စွပ်စွဲနေပါသည်။ ဤသို့ကြောင့် အခြေအနေ
များပိုမဆိုးလာခင် ကုလသမဂ္ဂ အနေနှင့် ကြားဝင်ပြီး ဆောင်ရွက်ပေးသင့်သည်ဟု
တောင်းဆိုထားပါသည်။
ထို့အပြင် စစ်ပြေး ဒုက္ခသည်များနှင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသည့်
IDP ဒုက္ခသည်များကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများက အကူအညီ
ပေးအပ်နေမှု ကိုလည်း ကျေးဇူးတင်ရှိကြောင်း မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ လက်မှတ်ရေးထိုး ပေးပို့လိုက်တဲ့ ကေအိုင်အို
ဥက္ကဋ္ဌရဲ့ စာထဲမှာ ဖော်ပြထားပါသည်။
ကေအိုင်အိုနှင့် အစိုးရ တပ်ဖွဲ့တို့သည်၊ တဖြည်းဖြည်း
တိုက်ပွဲပြင်းထန်လာနေရာမှာ ဒီနေ့မနက်၌ ကေအိုင်အို ဌာနချုပ် အနီး၌
တိုက်ပွဲများ ပြင်းထန် လာနေပါသည်။
အစိုးရသည်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကော်မီတီကို အဆင့်မြင်သော
နိုင်ငံတော် ခေါင်းဆောင်များနှင့် မကြာခင်က အသစ် ဖွဲ့စည်းခဲ့သော်လည်း
ကေအိုင်အိုနှင့် အပစ်အခတ် ရပ်စဲကိစ္စကိုမူ ကမ်းလှမ်းခဲ့ခြင်း မရှိသေးဟု
ဆိုပါသည်။
ရွှေဟင်္သာသတင်းဌာန
တပ်မှ ထွက်ခွင့်ရရန် ကြိုးပမ်းနေသည့် ကလေးစစ်သား မောင်စန်းဝင်းထွဋ်
ပဲခူးတိုင်း၊ ပြည်မြို့မှ ကလေးစစ်သားတဦးဖြစ်သူ မောင်စန်းဝင်းထွဋ်
(တပ်ထဲအမည် – မောင်ဆန်းဝင်းထွဋ်) အား တပ်ထဲမှ နှုတ်ထွက်ခွင့်ရရှိရန်
ကြိုးပမ်းနေကြကြောင်း သိရသည်။
ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စည်ကြီးဆွဲ၊ အောင်သစ္စာလမ်းတွင် နေထိုင်သူ
မောင်းစန်းဝင်းထွဋ်၏ မိဘများက သူတို့၏သားသည် အသက်မပြည့်သေးသဖြင့်
တပ်မှထွက်ခွင့်ရရန် အကူအညီတောင်းခံခဲ့သဖြင့်
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) နှင့်
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တို့မှ လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
မောင်စန်းဝင်းထွဋ်၏ မွေးသက္ကရာဇ်မှာ သူ၏ ကျောင်းဝင်မှတ်ပုံတင်နှင့်
အိမ်ထောင်စုစာရင်းများအရ (၁၀-၇-၁၉၉၅) ဖြစ်သောကြောင့် အသက် ၁၇ နှစ်သာ
ရှိသေးသည့် ကလေးငယ်တဦးဖြစ်သည်။
သူ့အား သထုံလေ့ကျင့်ရေး (၉) မှ ဒုတပ်ကြပ် စန်းဦးဆိုသူက (၂၁-၇-၂၀၁၀)
ရက်နေ့တွင် “တပ်ထဲဝင်လျင် ဆိုင်ကယ်စီးရမယ်၊ ကားမောင်းရမယ်၊
ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ရမယ်” ဟု မက်လုံးပေးပြောဆိုကာ တပ်ထဲသို့
ခေါ်ဆောင်သွားခဲ့ကြောင်း မောင်စန်းဝင်းထွဋ်က ပြန်လည်ပြောပြသည်။
ထို့နောက် လှည်းကူးမြို့နယ်၊ မင်းကုန်းရှိ လေ့ကျင့်ရေး (၁)
သင်တန်းကျောင်းတွင် စစ်အခြေခံလေ့ကျင့်ရေးသင်တန်း တက်ခဲ့ရပြီး (၁၀-၁၂-၂၀၁၀)
ရက်နေ့တွင် သင်တန်းဆင်းကာ ကိုယ်ပိုင်နံပါတ် (တ/၄၄၀၃၇၈) ဖြင့်
သထုံလေ့ကျင့်ရေး (၉) တွင်ပင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သူက ဆက်ပြောသည်။
ထိုသို့တာဝန်ထမ်းဆောင်စဉ် အထက်အရာရှိများ၏
နိုင်ထက်စီးနင်းလုပ်မှုများနှင့် နှိပ်စက်မှုများကို ခံခဲ့ရကြောင်းလည်း သူ၏
ပြောပြချက်အရ သိရသည်။
သထုံလေ့ကျင့်ရေး (၉) တွင် တာဝန်ထမ်းဆောင်နေစဉ် (၃၊ ၃၊ ၂၀၁၂) ရက်နေ့တွင်
မိဘများထံ ပြန်လည်ရောက်ရှိလာသဖြင့် မိဘများက သူ့တို့၏သား
တပ်မှထွက်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
yoma 3
၊မြန်မာ နိုင်ငံ တ၀ှမ်း တွင် လျှပ် စစ်မီး ပျက် ခြင်း နှင့် မီးလုံးဝ မလာခြင်း တို့  ဖြစ်ပေါ် နေသော
ကြောင့် မွန်ပြည် နယ် မြို့  နယ် အချို့  ၊ ရန်ကုန် တိုင်း သုံးခွ နှင့် သံလျှင် မြို့  နယ် တို့  တွင် လူ
ထု က ကန့် ကွက် မှု များ ပေါ်ပေါက် သည် ဟု FNG မှ သတင်း ရရှိ သည်။
ပဲခူး တိုင်း ပြည်မြို့ နယ် တွင် မူ ပုံမှန် မီးပျက် ရက် ထက် ပို မို နေသောကြောင့် ဒေသခံ များ က
မီးသံချောင်းများ ခေါက်ခြင်း ၊ သံပုံး များ တီးခြင်း နှင့် မီးမှန် မှန် ရရှိ ရေး တောင်း ဆိုမှု များ ဖြစ်
ပွား ခဲ့ သည် ဟု သိရသည်။
ရန်ကုန်တိုင်း သုံးခွ ၊ သံလျှင် နှင့် ဒလ မြို့ နယ် များ တွင် မူ လျှပ်စ်မီး ပြတ်တောက်မှု ကြောင့် သောက်
သုံး ရေ ပြတ်တောက် မှု များ ပါ ဆိုး ရွား စွာ ကြုံ တွေ့ နေရ သည်။ ကြာသပတေး နေ့  ညက သုံးခွ
ဒေသခံ များ သည် လျှပ်စစ်မီး ရရှိ ရေး အတွက် မီးပျက် သည့် ည တွင် တောင်း ဆို ဆန္ဒြုပ မှု များ
ဖြစ်ပွား ခဲ့ သည်။
မွန်ပြည်နယ် မော်လမြိုင် မြို့  တွင် လည်း မီးပျက်သည့် နေ့ ဉ် လက်ဖက်ရည် ဆိုင် ၊ အရက် ဆိုင် နှင့်
ညလုံးပေါက် အလင်း ဆိုင် များ စော ပိတ် ပေး ရန် အာဏာ ပိုင် တို့  က ဖိအား ပေး မှု ကြောင့် စား
သုံးသူ နှင့် လုံခြုံရေး ၀န်ထမ်း များ ပြဿနာ ဖြစ်ကြသည်။
မီးပျက် မှု ကြောင့် ရေရှာပါး မှု ပြဿနာ ပါ အကျိုးဆက် အဖြစ် ဆက်လက်ဖြစ်ပေါ် နေရာ သောက်
သုံး ရေသန့် မရရှိခြင်း ၊ ၀မ်းရောဂါ များ ဖြစ်ခြင်း စသည့် ကျန်းမာရေး ဆိုင်ရာ ဂယက် ရိုက် မှု များ
လည်း ဖြစ်ပေါ် လျှက် ရှိသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလက နေပြည်တော်တွင် ပြု လုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ ဉ် လျှပ်
စစ်ဝန်ကြီး ဦးဇော်မင်းက ” ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။
အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟုသတင်း
ထောက်များ ကို ပြောခဲ့ သည်။
ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီး ဦးဥာဏ်ထွန်းဦး က တရုတ်ထံ ရောင်းချထားသည့် လျှစ်စစ် ယူနစ်များ ထဲမှ
မဂ္ဂ၀တ် ၁၀၀ ကို ပြန်လည် ၀ယ်ယူပြီး ရန်ကုန် မြို့ အား လျှပ်စစ်မီး ပုံမှန် ရရှိရန် ပြု လုပ် နေသည် ဆိုသော်
လည်း တရုတ်ဆီမှ ၀ယ်ယူ သတင်း ကို ကြားသိရခြင်း မရှိသေးချေ။
အမေရိကန် အခြေစိုက် GE ကုမ္ပဏီမှ လျှပ်စစ်မီး ၂၅ မဂ္ဂ၀တ် စီ ထုတ်ပေး နိုင်သည့် လျှပ်စစ်ဓာတ်အား
ပေး စက် လေးလုံး ၀ယ် ယူ အသုံး ပြု ပေး မည် ၀န်ကြီး ဦးစိုးသိန်း က ဧပြီလ က ပြုလုပ်ခဲ့ သည့် သတင်း
စာရှင်း လင်း ပွဲ တွင် ပြော ခဲ့ သော်လည်း ရန်ကုန် တိုင်း လျှပ်စစ် စွမ်းအား ဌာန မ အရာရှိ တစ်ဦး က နောက်
တစ်နှစ် နဲ့  အကောင် အထည် ဖော် နိုင်မှာ မဟုတ်သေး ဘူး ဟု FNG ကို ပြောသည်။
ယမန်နေ့  ညက ပြည် မြို့  နယ် တွင် ဖြစ်ပွား ခဲ့ သည့် သံချောင်း ခေါက် ဆန္ဒပြမှု တွင် ပြည်သူအများ စု
ပါဝင် ခဲ့ ပြီး လာမည့် တနင်္လာ နေ့  ည တွင် မြို့  လုံး အနှံ ပြု လုပ် သွား ရန် စီစဉ် ထား ရှိသည် ဟု သိရ
သည်။
Update
နောက်ဆုံး သိရသည့် သတင်းများ အရ မန္တလေး မြို့ တွင် လည်း လျှပ်စစ်မီး ပုံမှန် ရရှိ ရေး လှုံဆော်မှု
တစ်ခု ဖြစ်သည့် ဖယောင်း တိုင်မီး ထွန်း ညှို လမ်းလျှောက် တောင်း ဆို ပွဲ တစ်ခု ကို မကြာခင် ရက်
ပိုင်း အတွင်း ပြု လုပ် မည် ဟု သိရသည်။
လျှပ်စစ်မီး အပျက်များနေသည့်ကိစ္စကို မကျေနပ်၍ မနက်ဖြန် (၂၀၊ ၅၊ ၂၀၁၂)၊ တနင်္ဂနွေနေ့၊ ည
၇ နာရီ မှစတင်ကာ ၂၆ (ဘီ) လမ်းနှင့် ၇၈ လမ်းထောင့်ရှိ တိုင်း EPC ရုံးရှေ့ (သို့မဟုတ်) ၆၂ လမ်း၊
မနော်ယမံဥယျာဉ်ရှေ့တွင် ဖယောင်းတိုင်မီးထွန်းပြီး လျှပ်စစ်မီး မှန်မှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်တောင်းဆိုသွားကြမည်ဖြစ်ကြောင်း မန္တလေးမြို့တွင် သတင်းများ ပျံ့နှံ့လျက်ရှိနေပါသည်
ဟု CJ မြန်မာ FB စာမျက် နှာ တွင် ဖော်ပြထား သည်။
Freedom News Group
လာမယ့် ဇွန်လ ၁၇ ရက် နော်ဝေးနိုင်ငံမှာ ကျင်းပမယ့် နိုဘယ်လ်
ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ့် အခမ်းအနားကို တက်ရောက်နိုင်ဖို့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၅ ရက်မှာ
နော်ဝေးနိုင်ငံ ရောက်ရှိမှာဖြစ်ကြောင်း နော်ဝေး သံတမန်သတင်းရပ်ကွက်ကတဆင့်
စုံစမ်း သိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်
ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ဇွန်လ ၁၄ ရက်နေ့တွင် စတင်
ထွက်ခွာလာမှာဖြစ်ပြီး နော်ဝေးနိုင်ငံမှာ ၄ ရက်ကြာ နေထိုင်ပြီးနောက်
အိုင်ယာလန်နဲ့ အင်္ဂလန်နိုင်ငံကို ခရီး ထပ် ဆက်မယ်လို့ သိရပါတယ်။
“အော်စလိုကို ဇွန်လ ၁၅ ရက်နေ့ ရောက်မယ်။ သူနဲ့လိုက်ပါလာတဲ့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တချို့နဲ့အတူ နော်ဝေးပါလီမန်ကိုလည်း
လေ့လာမယ်။ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့မယ်။ ၁၇ ရက်နေ့ နိုဘယ်လ်
ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ့်အခမ်းအနား ကျင်းပပြီး ဆု လက်ခံမယ့်
မြို့တော်ခန်းမရှေ့မှာ နော်ဝေးပြည်သူတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတခု ထပ်
လုပ်မယ့်အစီအစဉ်လည်း ရှိပါတယ်” လို့ အမည်မဖော်လိုတဲ့ နော်ဝေးသံတမန်တယောက်က
ပြောပါတယ်။
မကြာသေးခင် သီတင်းပတ်ကပဲ နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိပြီဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်ကို
ဇွန်လ ၁၈ ရက်နေ့တွင် ခရီးဆက်ပြီး သူရဲ့ ၆၇ နှစ်မြောက် မွေးနေ့ကို
အင်္ဂလန်နိုင်ငံတွင် ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နော်ဝေးနိုင်ငံ
ဝန်ကြီးချုပ်ဟောင်း မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး
သမ္မတဦးသိန်းစိန် အပါအ၀င် ၀န်ကြီးတချို့နဲ့ တနာရီကြာ တွေ့ဆုံ
ဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး နော်ဝေးနိုင်ငံ
ခရီးစဉ်ကိစ္စ အပြီးသတ် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
မစ္စတာဘိုန်ဒယ်ဗစ်ရဲ့ ရန်ကုန်ခရီးစဉ်အတွင်း၊ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားတွေ၊ အပါအ၀င်
နိုင်ငံရေးပါတီ၊ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ လူမှုရေး ဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
၁၉၉၁ ခှနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်
နော်ဝေးနိုင်ငံခရီးစဉ် အသေးစိတ် ဆွေးနွေး တိုင်ပင်နိုင်ဖို့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဦးခွန်သာမြင့်ဟာ ဇွန်လ ၁၁ ရက်နေ့တွင် အော်စလိုကို
ရောက်ရှိမယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ နော်ဝေးနိုင်ငံ ခရီးစဉ်အတွင်း သူ့ကို
တိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆု ချီးမြှင့်ခဲ့တဲ့ နော်ဝေးနိုင်ငံရဲ့
ဒုတိယမြို့တော် ဘာဂင် မြို့ကို သွားရောက်ပြီး ရပ်ဖ်တိုဖောင်ဒေးရှင်းမှ
ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတဲ့အပြင်၊ စတာဘန်ဂါမြို့ကိုလည်း
သွားရောက်ပြီး စတာဘန်ဂါတက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ဆု
ရယူဘို့လည်း ရှိတယ်လို့ သိရပါတယ်။
နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ဆက်ဆံနေသလို လွန်ခဲ့တဲ့လက
စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးပြီးနောက် မြန်မာအစိုးရ
ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တသုတ်ပြီးတသုတ် လေ့လာရေးခရီး
အလည်အပတ် ရောက်လာကြတာကို တွေ့ရပါတယ်။
ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့အဖွဲ့၊
တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက
လွှတ်တော်ကိုယ်စားလှယ်တချို့ နော်ဝေးပါလီမန်ကို လာရောက် လေ့လာနေသလို၊ လာမယ့်
ဇွန်လ ၁၈ ရက်နေ့မှာ စက်မှုလုပ်ငန်း ဖွံဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊
စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ ၀န်ကြီး ၉ ဦးပါ အဖွဲ့လည်း
နော်ဝေးနိုင်ငံကို လာရောက်လည်ပတ်မယ့် အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးနိုင်ငံခရီးစဉ်ကို ဥရောပရောက်မြန်မာများကလည်း
စိတ်ဝင်စားနေပြီး နော်ဝေးနိုင်ငံတ၀ှမ်းက မြန်မာနိုင်ငံသား
တိုင်းရင်းသားတွေ အပါအ၀င် ဂျာမဏီ၊ ပြင်သစ်၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံတွေက
မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလည်အပတ်
ခရီးစဉ်အတွင်း နော်ဝေးနိုင်ငံကို လာရောက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ကိုညို
Burma Today
မေလ ၁၅ ရက်နေ့က ကုန်သည်ကြီးများဟိုတယ် ၌ ကျင်းပသော တရုတ် – မြန်မာ
စီးပွား ရေးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ အလတ်စားနှင့် အသေးစား
စီးပွားရေးလုပ်ငန်းများအပြင် ရင်းနှီးမြှုပ်နှံမှု အခြေခံလိုအပ်ချက်များတွင်
ပူးပေါင်းရန်ဆန္ဒရှိကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု သိရသည်။
လူသုံးကုန် ပစ္စည်းများထုတ်လုပ်သည့် အသေးစား နှင့်
အလတ်စားလုပ်ငန်းများအပြင်
မီဒီယာလုပ်ငန်းများမှ တရုတ်စီးပွားရေးလုပ်ငန်းရှင် စုစု ပေါင်း ၅၀ ကျော်ဟာ
အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တရုတ်စီးပွားရေးလုပ်ငန်းရှင် အဖွဲ့သည် သီလ၀ါဆိပ်ကမ်းသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာအစိုးရက တရုတ်လုပ်ငန်းရှင် တွေကို သီလ၀ါစက်မှုဇုန်မှာလာပြီး
ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ကြောင်းနှင့် ဘယ်လို
ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်မယ်ဆိုတာ နှစ်ဖက် စလုံး
အခုထိဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုအခါ လျှပ်စစ်မီး ပြတ်တောက်မှုများရှိသဖြင့်
ရင်းနှီးမြှုပ်နှံ မှုအတွက်လိုအပ်သော ရေအားလျှပ်စစ်ကဏ္ဍနှင့်
မီးရထားလမ်းဖောက်လုပ်မှု များတွင်
ပူးပေါင်းလုပ်ဆောင်သွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ အပြည်ပြည်ဆိုင်ရာ
ဗဟိုကော်မတီဋ္ဌာန ဒုတိယအုပ်ချုပ်ရေးမှူး လီကျင်းကျန် ကပြောသည်။
ထို့ပြင် အခြားအလားအလာရှိသော စိုက်ပျိုးရေးထွက်ကုန်များနှင့် သတ္တုတွင်း
ထွက်ကုန်များ ထုတ်လုပ်မှုတွင်လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။
Source : Myanmartimes
(US Chamber of Commerce) လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုက အကြီးဆုံး
ကုန်သည်အသင်းကြီးမှ ပစိဖိတ်ရေးရာ ဒုတိယဥက္ကဌ Tami Overby
ဦးဆောင်သောအဖွဲ့ဟာ မြန်မာနိုင်ငံကို
ပထမဆုံးခရီးအဖြစ် မေလ(၁၆)ရက်နေ့တွင်ရောက်ရှိကာ မေလ(၁၉)ရက်နေ့အထိ
(၄)ရက်တာခရီးစဉ်ဖြစ်ကြောင်းလည်း သိရသည်။
ထိုခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
တို့ဖြင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ထိုခရီးစဉ်နဲ့ ပတ်သက်လို့ အသင်းရဲ့ တရားဝင်
သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ ဖြစ်ပေါ်နေတဲ့အလျောက်
အမေရိကန်အစိုးရ ပေါ်လာစီကလည်း
အဆင့်ဆင့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် (US Chamber of Commerce)
အသင်းအနေနဲ့လည်း မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ
စုဆောင်းဖို့ ရောက်ရှိလာတာဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
Source : DVB
မေလ(၁၇)ရက်နေ့ကနေ မေလ(၂၅)ရက်နေ့အထိ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေးခရီးစဉ်များမှ
ဓါတ်ပုံများကို ပြသရောင်းချပွဲပြုအား
ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးတွင် ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ပြင်သစ်သံရုံးက ကြီးမှူးကျင်းပသော
ယင်းပြပွဲကို မေလ(၁၇)ရက်နေ့က ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က
တက်ရောက်လေ့လာခဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေဖို့ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့
သိရပါတယ်။
ဓါတ်ပုံပညာရှင်များဖြစ်ကြတဲ့ ကိုအောင်ပြည့် ၊ ကိုမင်းဇေယျနဲ့
ကိုပြေကျော်မြင့်တို့က ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေး ခရီးစဉ်အတွင်း
၎င်းတို့ ရိုက်ကူးခဲ့ပုံများကို ခင်းကျင်းပြသထားပြီး
ရန်ပုံငွေအဖြစ် ရောင်းချမှာဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ (၂၅)ပုံကို ပုံတစ်မျိုးစီလျှင် (၂၅)ပုံသာ
ကူးယူထုတ်မှာဖြစ်ပြီး တစ်ပုံကို ၃၀”x၂၀” ပုံကို ဒေါ်လာ(၃၀၀) ၊
ပုံသေးအား ဒေါ်လာတစ်ရာဖြင့် ရောင်းချတာဖြစ်ကြောင်းလည်း သိရသည်။
Source : RFA